Home ကဗျာ သွေးထဲက အတွေးကလဲ့စား

သွေးထဲက အတွေးကလဲ့စား

105
0
Illustration - MAUNG NOE
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ရဟတ်ယာဉ်နှစ်စီး

တစ်စီးပြီး တစ်စီး

ခပ်မြန်မြန် ခပ်သွက်သွက်

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

တဒီးဒီး တဒပ်ဒပ် ဆူညံလျက်

ငါ့အိမ်ခေါင်မိုးထက်က

ရှေ့ဆင့်နောက်ဆင့် ဖြတ်ပျံလို့ သွားကြ။

 

Illustration – MAUNG NOE

သူတို့ ဖြတ်ပျံသွားကြချိန်မှာ

ငါက

ငါ့အိမ်ထဲက စာရေးစားပွဲမှာ ထိုင်ပြီး

စိတ်ကူးတွေ စကားလုံးတွေ ဖမ်းဆုပ်

ကဗျာတစ်ပုဒ် ရေးထုတ်ဖို့

အသည်းအသန်ကြိုးစားလို့။

အဲဒီ ရဟတ်ယာဉ်တွေဟာ

အရပ်ဘက်ကလား

စစ်ဘက်ကလား ငါ မသိ

ဘယ်လိုပုဂ္ဂိုလ်တွေ ပါလို့

ဘယ်လောက် အရေးကြီးသလဲဆိုတာလည်း ငါမသိ

ဘာတွေ ညာတွေ ငါမသိ

သိဖို့လည်း မလိုအပ်ဘူး။

 

 

ငါသိတာက

ငါရေးနေဆဲ အဲဒီကဗျာ

ပျောက်ပျက်ဆုံးရှုံးမသွားဖို့ရာ

အလွန်အရေးတကြီး

အဲဒီကဗျာဟာ

ငါတို့ တိုင်းပြည် ငါတို့ လူထုကြီးအတွက်

အလွန်အရေးတကြီး

ရဟတ်ယာဉ်တွေနဲ့ ငါ့ကို လာတိုက်ခိုက်တယ်ဆိုရင်တောင်

ငါ့အသက်ထက် ပိုလို့ အဲဒီကဗျာဟာ

အလွန်အရေးတကြီး။

 

 

တကယ် အရေးကြီးလှပါတယ်ကွယ့်

အရေးကြီးလှတဲ့ အဲဒီလို အချိန်အခါ

ငါ ကဗျာရေးနေတာကို အလိုက်ကမ်းဆိုးမသိ

လာရောက်နှောင့်ယှက်ဖျက်ဆီးတဲ့

အဲဒီ ရဟတ်ယာဉ်နှစ်စီး

ငါ့စိတ်ထဲက ပေးထရီးယက်ထ် ဒုံးကျည်နှစ်စီးနဲ့

ငါ ပြန်ပြီး ပျက်ချဖျက်ဆီးပစ်လိုက်ရဲ့

ကဲ…ဘယ်လိုမှ မတတ်နိုင်ဘူး

သွားကြပေရော့ သွားလေရော့။

(၁.၈.၂ဝ၁၆)

၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁)မှ ကဗျာ ဖြစ်ပါသည်။  ။

 

မင်းထက်မောင် ရေးသည်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here