Home ကဗျာ အရုပ်တွေ

အရုပ်တွေ

258
0
Advertise Here

မြို့ထဲမှာ အရုပ်တွေ ရောက်နေပြီ

 

ဆက်ဆံရေးက နူးညံ့တယ်

Advertise Here

အနောက်တိုင်းဝတ်စုံ ဝတ်ထားတယ်

မြန်မာစကားကို ပြောတယ်

Illustration – Tin Min Aung

လက်ဆွဲနှုတ်ဆက်တယ်

မျက်လုံးတွေက မိုးပေါ်ကို ကြည့်တယ်

 

အရုပ်တွေဟာ ညင်ညင်သာသာနဲ့

ရှေးဟောင်းကုလားထိုင်တွေပေါ်မှာ တက်ထိုင်တယ်

ဂျိမ်းစ်ဘွန်းရုပ်ရှင်ထဲက ကြောင်ကို ပွတ်သလို

ရှေးဟောင်းကုလားထိုင်ကြီးကို ပွတ်တယ်

 

ရှေးဟောင်းတွေ ရှေးဖြစ်တွေ ရှေးရှေးကနေ စလို့

အရုပ်တွေ ဖြစ်လာတဲ့အကြောင်းကို ပြောတယ်

အရုပ်တွေ ပြောတာက တဖြည်းဖြည်းနဲ့

အရုပ်လုံး ပေါ်လာတယ်

လူဆိုတာ အရုပ်တွေကနေ ဆင်းသက်လာတာတဲ့

 

အရုပ်တွေက စကားပြော သိပ်ကောင်းတယ်

 

အရုပ်တွေဟာ လူတွေကို အရုပ်ကမ္ဘာဆီ ခေါ်သွားဖို့

ကြိုးစားတယ်

အရုပ်ကမ္ဘာဆိုင်ရှင်က အရုပ်ဆိုင်မှာ

အရုပ်တွေ ပျောက်သွားတဲ့အကြောင်း

သတင်းထုတ်ပြန်ခဲ့တာကိုတော့

အရုပ်တွေ မသိသေးဘူး

 

(၁၀ ဇွန် ၂၀၁၇)

၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ ကဗျာ ဖြစ်ပါသည်။

သော်ဇင်အုန်း ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here