Home သတင်းဆောင်းပါး အနာဂတ်ကာလကို ပလတ်စတစ် အမှိုက်တွေက ခြိမ်းခြောက်လာနေ

အနာဂတ်ကာလကို ပလတ်စတစ် အမှိုက်တွေက ခြိမ်းခြောက်လာနေ

304
0
Advertise Here

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Feature ဖြစ်ပါသည်။

ဟေမာန်ပြည့် ရေးသည်။

 

Advertise Here

မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ နေ့စဉ် စွန့်ပစ်အမှိုက်ထွက်ရှိမှု ပမာဏ တတိယအနည်းဆုံးနေရာမှာ ရှိပေမယ့် စွန့်ပစ်ပစ်္စည်းထဲမှာ ပလတ်စတစ် ပါဝင်မှုနှုန်းကတော့ အမြင့်ဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UN Environment Programme – UNEP) နဲ့ Asian Institute of Technology (AIT) တို့ပူးပေါင်းကာ ယမန်နှစ်က ထုတ်ပြန်လိုက်တဲ့ အာဆီယံနိုင်ငံများရဲ့ စွန့်ပစ်အမှိုက်စီမံ ခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဆီယံမှာ စွန့်ပစ်အမှိုက်တန်ချိန် အများဆုံးထွက်တဲ့ အင်ဒိုနီးရှားမှာ အမှိုက်ထဲ ပလတ်စတစ် ပါဝင်မှုနှုန်းက ၁၄ ရာခိုင် နှုန်း ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စွန့်ပစ်အမှိုက်မှာ ပလတ်စတစ် ပါဝင် နှုန်းက ၁၇ ဒသမ ၇၅ ရာခိုင်နှုန်းထိ ရှိနေတာပါ။

မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ရန်ကုန်မှာ တစ်ရက်ကို အမှိုက်တန်ချိန် ၂,၅၀၀ ထွက်တဲ့အနက် ပလတ်စတစ် ပါဝင်နှုန်းက ၁၁ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က မော်ကွန်းကို ပြောပါတယ်။

မြန်မာအစိုးရဟာ လက်ရှိအချိန်အထိ ပလတ်စတစ်စွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး အားနည်းနေဆဲပဲလို့  သဘာဝ ပတ်ဝန်းကျင်ပညာရှင်တွေက ထောက်ပြပါတယ်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးရေးအသင်းက သဘာဝပတ်ဝန်း ကျင်ပညာရှင် ဒေါက်တာကျော်ညိမ်းအေးက ““အစိုးရက ပတ် ၀န်းကျင်ကို ထိန်းသိမ်းဖို့တော့ မူဝါဒချတာပေါ့။ မူဝါဒတွေကို ဘာ နဲ့ပြန်ထိန်းရမလဲဆိုရင် လုပ်ထုံးလုပ်နည်းတို့၊ ညွှန်ကြားချက်တို့၊ တရားဥပဒေတို့မှာတော့ မထိရောက်သေးတဲ့ သဘောမှာ ရှိပါ တယ်””လို့ ထောက်ပြပါတယ်။

စွန့်ပစ်အမှိုက်ထဲမှာ ပလတ်စတစ်ပါဝင်မှုကို လျှော့ချဖို့ဆို ရင် ပလတ်စတစ်ကို နည်းနိုင်သမျှနည်းအောင် လျှော့သုံးတာ (Reduce) ၊ အကြိမ်ကြိမ်ပြန်လည်သုံးစွဲတာ (Reuse) နဲ့ ထွက် လာတဲ့အမှိုက်ကို အခြားပစ္စည်းတစ်ခုအဖြစ် ပြန်လည် ပြုလုပ်သုံး စွဲတဲ့ (Recycle) နည်းလမ်းတွေကို သုံးဖို့လိုတယ်လို့ သူက အကြံ ပြုပါတယ်။

Photo-Hay Man Pyae
ပလတ်စတစ်စက်ရုံတစ်ခုမှ လုပ်ငန်းခွင်မြင်ကွင်း

ပလတ်စတစ် အန္တရာယ်

UNEP ရဲ့အဆိုအရ ပလတ်စတစ်ပြုလုပ်ရာမှာ အများ အားဖြင့် သုံးတဲ့ ပေါ်လီအက်သလင်း (Polyethylene) ကို  ၁၉၃၃ တုန်းက အင်္ဂလန်က ဓာတုဗေဒစက်ရုံတစ်ခုမှာ မတော် တဆ ဖန်တီးမိခဲ့ရာကနေ စခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ တော့ ပေါ့ပါးခိုင်ခံ့သလို သုံးစွဲရ လွယ်ကူတဲ့အတွက် ပလတ်စတစ် ကို ၁၉၅၀ ကျော်လောက်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ လာကြပါတယ်။

ယခုနှစ်လယ်ပိုင်းက ကုလမသဂ္ဂက ထုတ်ပြန်တဲ့ တစ်ခါသုံး ပလတ်စတစ်ဆိုင်ရာ အစီရင်ခံစာအရ တစ်ကမ္ဘာလုံးမှာ နှစ်စဉ် ပလတ်စတစ်တန်ချိန်ပေါင်း သန်း ၄၀၀ ကျော် ထုတ်လုပ်နေ တယ်လို့ ဆိုပါတယ်။

ပလတ်စတစ်သုံးစွဲမှုဟာ တစ်ကမ္ဘာလုံးအနေအထားနဲ့ မြင့်တက်လာပြီး စွန့်ပစ်ပလတ်စတစ်တွေဟာ တစ်ကမ္ဘာလုံး ရင် ဆိုင်လာရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာဖြစ်နေပြီလို့ သဘာဝ ပတ်ဝန်းကျင်ပညာရှင်တွေက ဆိုပါတယ်။

စွန့်ပစ်ပလတ်စတစ်တွေဟာ ရေထဲကို ရောက်သွားတဲ့အခါ မှာ ရေနေသတ္တ၀ါတွေအတွက် ကြီးမားတဲ့အန္တရာယ် ဖြစ်လာပါ တယ်။ ဒါ့အပြင် ပလတ်စတစ်က လူတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်မှုတွေ ဖြစ်လာတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ပလတ်စတစ်ကို အလွယ်တကူသုံးစွဲပြီး စနစ်တကျ စွန့်ပစ် ခြင်း မရှိတဲ့အတွက် ရေထဲရောက်သွားတဲ့ ပလတ်စတစ်တွေရဲ့ ပြဿနာကို မြန်မာနိုင်ငံမှာလည်း ကြုံတွေ့လာနေရပါပြီ။

ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းက ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) အစီအစဉ်အရ နော်ဝေနိုင်ငံက သုတေသနသင်္ဘော Dr.Fridtjof Nansen နှင့် မြန်မာ့ငါးလုပ် ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး မြန်မာ့ပင်လယ်ပြင်မှာ ပလတ်စတစ်ပါဝင်မှုကို သိရှိနိုင်ဖို့ တနင်္သာရီ၊ ဧရာဝတီနဲ့ ရခိုင်ကမ်းရိုး တန်းဒေသတို့မှာ လေ့လာခဲ့ပါတယ်။

လေ့လာမှုအရ ရခိုင်ပြည်နယ်ရဲ့ ကမ်းရိုးတန်းမှာတော့ ပလတ်စတစ်ပါဝင်မှု အများဆုံး ဖြစ်တယ်လို့ ခရီးစဉ်မှာပါဝင်ခဲ့တဲ့ သားငါးထိန်းသိမ်းရေး (မြန်မာအစီအစဉ်) (Wild Life Conservation – Myanmar)အဖွဲ့မှ ဦးသောင်းထွဋ်က ပြောပါတယ်။

 

““မျက်စိနဲ့တိုက်ရိုက်မြင်ရတာ၊ ရေထဲမှာမျောနေတာတွေ၊ ငါးဖမ်းတဲ့ ပိုက်တွေမှာ ပါလာတာတွေကို မှတ်တမ်းတင်ထား တာ””လို့ သူက ဆိုပါတယ်။  ဒါပေမဲ့ ပါဝင်တဲ့ ပလတ်စတစ်ပမာဏနဲ့ ဘယ်လိုပလတ်စတစ်တွေ များနေလဲဆိုတာကိုတော့ အပြီးသတ် အစီရင်ခံစာထွက်မှသာ သိရှိနိုင်မယ်လို့ ဆိုပါတယ်။

သိမ်းဆည်းလို့မနိုင်တဲ့စွန့်ပစ်အမှိုက်တွေဟာ မြေပြင်မှာ ကျန်ခဲ့တာရှိသလို တဖြည်းဖြည်းနဲ့ ရေမြောင်းတွေ၊ ချောင်းတွေ ကတစ်ဆင့် မြစ်တွေ၊ ပင်လယ်တွေထဲကို ရောက်ရှိသွားတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ဧပြီလအတွင်းက ရန်ကုန်မြို့၏ အကြီးဆုံးအမှိုက်ပုံဖြစ်သည့် ထိန်ပင်အမှိုက်ပုံ မီးလောင်နေစဉ်

နယ်သာလန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ The Ocean Cleanup အဖွဲ့က ပြီးခဲ့တဲ့နှစ် ဇွန်က ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ အဓိက မြစ်တစ်စင်းဖြစ်တဲ့ ဧရာဝတီမြစ်ဟာ  သမုဒ္ဒရာထဲကို စီး ၀င်တဲ့ ပလတ်စတစ် စွန့်ပစ်ပစ်္စည်း အများဆုံးပါဝင်တဲ့ အညစ် ညမ်းဆုံး မြစ်အစင်း ၂၀ ထဲမှာ ပါဝင်နေပါတယ်။

ဒီသုတေသနစစ်တမ်းက တိုင်းပြည်ရဲ့လူမှုစီးပွားအခြေ အနေ၊ တစ်ဦးချင်း စွန့်ပစ်ပစ္စည်းထုတ်လုပ်မှု၊ ရေထိန်းဧရိယာ၊ ဆည်တွေရဲ့အနေအထား စတဲ့ အချက်အလက်တွေအပေါ် အခြေ ခံပြီးတွက်ချက်ထားတာလို့ ဆိုပါတယ်။

ရေထဲရောက်သွားတဲ့ ပလတ်စတစ်တွေ

ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်ပင်လယ်ထဲကိုရောက်သွားတဲ့ ပလတ်စတစ်တန်ချိန်ပေါင်း ရှစ်သန်းရှိပြီး ဒီအတိုင်းဆက်သွား မယ်ဆိုရင် ၂၀၅၀ မှာပင်လယ်ထဲမှာရှိတဲ့ငါးထက်  ပလတ်စတစ် ပမာဏက ပိုများလာလိမ့်မယ်လို့ ပြီးခဲ့တဲ့နှစ်မှာ Ellen Macarthur Foundation က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။ အဆိုပါ ဖောင်ဒေးရှင်းဟာ ဗြိတိန် အခြေစိုက် အကူအညီပေးရေး အဖွဲ့တစ်ခု ဖြစ်ပါတယ်။

ပလတ်စတစ်တွေ ပင်လယ်ပြင်ထဲ ရောက်သွားတဲ့အခါမှာ ရေနေသတ္တ၀ါတွေသာမက လူသားတွေအတွက်ပါ အန္တရာယ် ရှိလာပါတယ်။

ပင်လယ်ထဲကို ရောက်သွားတဲ့ ပလတ်စတစ်တွေက            ““အမှုန်အစလေးတွေအဖြစ် ပြိုကွဲသွားတယ်။ အဲဒီကနေ အစာ ကွင်းဆက်အတွင်းကို ရောက်လာတယ်””လို့ သန့်မြန်မာအဖွဲ့မှ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ကျွမ်းကျင်သူဖြစ်တဲ့ Freidar Jeske က ပြောပါတယ်။

ပင်လယ်ပြင်ထဲ ရောက်သွားတဲ့ ပလတ်စတစ်တွေထဲမှာ တချို့က မျက်စိနဲ့ မြင်နိုင်လောက်တဲ့ အရွယ်အစားရှိပေမယ့် တချို့ကတော့ ငါးမီလီမီတာအောက်အရွယ် ပလတ်စတစ်အပိုင်း အစလေးတွေဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ငါးမီလီမီတာ အောက် အရွယ်အစား ပလတ်စတစ် အပိုင်းအစတွေကို မိုက်ခရို ပလတ်စတစ်အစအဖြစ် သတ်မှတ်တယ်လို့ GESAMP အဖွဲ့ရဲ့ “Microplastic In the Ocean” အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။ GESAMP ဟာ ကုလသမဂ္ဂအဖွဲ့ အစည်းတွေကို ပင် လယ်နှင့်ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မှုကဏ္ဍအတွက် အကြံဉာဏ်ပေးဖို့ အမှီအခိုကင်းတဲ့ ကျွမ်းကျင်ပညာရှင် တွေ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

ရေနေသတ္တ၀ါတွေ ဖြစ်တဲ့ လိပ်၊ ငါးအစရှိတဲ့ သတ်္တ၀ါတွေက မိုက်ခရိုပလတ်စတစ်အစတွေကို အစာအမှတ်နဲ့ မှားယွင်းစားမိ တဲ့အခါ အသက်ဆုံးရှုံးရတာတွေရှိပါတယ်။ ဒီအချက်ဟာ ရေနေ သတ္တ၀ါရှားပါးလာခြင်းကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ် ၀ိုက်ပြီးသော်လည်းကောင်း ထိခိုက်နိုင်တယ်လို့  အဏ္ဏ၀ါဗေဒ ပညာရှင် ဦးသောင်းထွဋ်က ဆိုပါတယ်။

အစာကွင်းဆက်အရ အဲဒီငါးတွေကို လူတွေ စားသုံးမိတဲ့ အခါ ပလတ်စတစ်ပြုလုပ်ရာမှာ ပါဝင်တဲ့ ဓာတုပစ်္စည်းတွေကြောင့် လူကိုထိခိုက်နိုင်တဲ့ ကင်ဆာရောဂါလိုမျိုး ရောဂါဘယတွေလည်း ဖြစ်စေနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက အင်ဒိုနီးရှားနိုင်ငံ ဆူလာ ဝေဆီကျွန်းပေါ်မှာ သောင်တင်လာတဲ့ ဝေလငါးသေရဲ့ ဗိုက်ထဲမှာ ပလတ်စတစ်ခွက်ပေါင်း ၁၁၅ ခွက် တွေ့ရတယ်လို့ အေပီသတင်း က ဆိုပါတယ်။ ဒါ့အပြင်ဝမ်းဗိုက်ထဲမှာပလတ်စတစ်ဘူးလေးဘူး၊ ပလတ်စတစ်အိတ် ၂၅ အိတ်၊ ညှပ်ဖိနပ်နှစ်ခုနဲ့ အခြားပလတ် စတစ် ပစ်္စည်းမျိုးစုံတွေ့ရပြီး စုစုပေါင်း အလေးချိန် ၁၃ ပေါင်ခန့် ရှိတယ်လို့ဆိုပါတယ်။

 

အိမ်သုံးဆားမှာ ပလတ်စတစ်ပါ

ပင်လယ်ထဲကိုရောက်သွားတဲ့ ပလတ်စတစ်တွေဟာ လူ တွေဆီကိုလည်း တစ်နည်းတစ်ဖုံနဲ့ ပြန်ရောက်လာတာကို သက် သေပြနိုင်တဲ့ အစီရင်ခံစာတစ်ခု ယခုနှစ် အောက်တိုဘာလလယ် တုန်းက ထွက်လာပါတယ်။ အဆိုပါအစီရင်ခံစာအရ အိမ်သုံး ဆားတွေရဲ့ ၉၀ ရာခိုင်နှုန်းမှာ သေးငယ်တဲ့ ပလတ်စတစ်အပိုင်း အစတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တစ်ခုဖြစ်တဲ့ Greenpeace East Asia အဖွဲ့နဲ့ တောင်ကိုရီးယားက ပညာရှင် တွေက ဥရောပ၊ အာရှ၊ တောင်အမေရိက၊ မြောက်အမေရိကနဲ့ အာဖရိကနိုင်ငံတွေက ထွက်တဲ့ ဆားအမျိုးအစား ၃၉ မျိုးကို လေ့ လာတဲ့အခါမှာ ၃၆ မျိုးမှာမိုက်ခရိုပလတ်စတစ် ပါနေတာကို တွေ့ ရှိခဲ့ကြတာပါ။

အဲဒီသုတေသနအရ အာရှနိုင်ငံတွေက ထုတ်လုပ်တဲ့ ဆား တွေမှာ မိုက်ခရိုပလတ်စတစ်ပါဝင်မှု ပိုမို များပြားနေတာပါ။

အစားအစာတွေကနေတစ်ဆင့် မိုက်ခရိုပလတ်စတစ်တွေ လူခန္ဓာကိုယ်ထဲ ရောက်ရှိသွားရင် ပါဝင်တဲ့ ဓာတုပစ်္စည်းတွေ ကြောင့် ““အသက်ရှူလမ်းကြောင်းဆိုင်ရာ ကင်ဆာ၊ အစာအိမ်၊ အူလမ်းကြောင်းနဲ့ ဆက်စပ်တဲ့ ကင်ဆာနဲ့ မျိုးပွားမှုကိုလည်း ထိ ခိုက်စေနိုင်တယ်””လို့ အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင် ရာကျွမ်းကျင်သူ ဒေါက်တာစိုးခိုင်က ပြောပါတယ်။

ရန်ကုန်တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနက ဌာနမှူး ဒေါ်စိုးစိုးသန်းက မြန်မာနိုင်ငံမှာလည်း ပင်လယ်ရေကနေ ဆား ထုတ်လုပ်တာတွေရှိပေမယ့် လက်ရှိအချိန်အထိတော့ အိမ်သုံး ဆားမှာ မိုက်ခရိုပလတ်စတစ်ပါဝင်မှုနဲ့ ပတ်သက်တဲ့ သုတေသန လုပ်ထားတာ မရှိသေးဘူးလို့  ပြောပါတယ်။

 

သုံးစွဲမှုလျှော့ချပါ

ပလတ်စတစ်ပြဿနာကိုဖြေရှင်းနိုင်ဖို့ သုံးစွဲမှုလျှော့ချရေး ကို ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက အကြံပြုပါတယ်။ သုံးစွဲမှုလျှော့ချဖို့ဆိုရင် အစိုးရ သာမက ပြည်သူကလည်း ပူးပေါင်းပါဝင်ဖို့ လိုတယ်လို့ သဘာဝ ပတ်ဝန်းကျင်ပညာရှင် ဒေါက်တာကျော်ညိမ်းအေးက ဆိုပါတယ်။

ပလတ်စတစ် အသုံးပြုပုံနဲ့ ပတ်သက်ပြီး မော်ကွန်းက မေးမြန်းခဲ့သူ ၂၀ ဦးက ပလစ်စတစ်ဟာ ဆွေးမြည့်ဖို့ခက်တဲ့ ပစ္စည်း ဖြစ်တာကို သိရှိထားပေမယ့် အသုံးပြုရလွယ်ကူ အဆင်ပြေတဲ့ ပစ္စည်းဖြစ်တာကြောင့် ပလတ်စတစ်ကို အသုံးပြုဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ ၂၀၁၀ ၀န်းကျင် လောက်ကတည်းက ပလတ်စတစ်အသုံးပြုတာကို ကန့်သတ် ထားပါတယ်။ အဓိကတော့ ပလတ်စတစ်ထုတ်လုပ်ရာမှာ ထည့် သွင်း အသုံးပြုတဲ့ HDPE (High Density Polyethylene)ကို တားမြစ်ထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောပါတယ်။

““HDPE (High Density Polyethylene)  က နောက်ဆုံးမီးရှို့လည်း ပြဿနာရှိတယ်။ မီးရှို့ရင် Dioxin (ကင်ဆာဖြစ်စေတဲ့) ဓာတ်ထွက်မှာပေါ့။ ဒီလို ပြဿနာတွေကြောင့်မို့လို့ တားမြစ်လိုက်တာ””လို့ ဆိုပါတယ်။

ဒီ HDPE (High Density Polyethylene) ကို ဘူးအမာတွေနဲ့ အချို့ ကြွပ်ကြွပ်အိတ်အမျိုး အစားတွေပြုလုပ်ရာမှာ ထည့်သွင်း အသုံးပြုကြတယ်လို့ ရန်ကုန် တက်္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနကဌာနမှူး ဒေါ်စိုးစိုးသန်း က ဆိုပါတယ်။

ပလတ်စတစ်အသုံးပြုမှုလျှော့ချဖို့ အသိပညာပေးနေတဲ့ သန့်မြန်မာအဖွဲ့က လူအများနဲ့ ထိတွေ့ရောင်းချနေရတဲ့ လက်လီ ဈေးဆိုင်တွေမှာ ၀ယ်သူလိုအပ်တဲ့အခါမှသာ ပလတ်စတစ်ပေးဖို့ စမ်းချောင်းမြို့နယ်နဲ့ ကမာရွတ်မြို့နယ်ထဲက ဆိုင်ပေါင်း ၂၀၀ လောက်ကို စည်းရုံးခဲ့ပါတယ်။

ဒါပေမဲ့ ““တော်တော်များများက အကောင်အထည်မဖော် ချင်ကြဘူး။ ကိုယ့်ဆီလာတဲ့ ဈေးဝယ်နည်းသွားမှာ စိုးရိမ်ကြ တယ်””လို့ ကြုံရတဲ့အခြေအနေကို သန့်မြန်မာအဖွဲ့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ မမေသက်ထွေးကပြောပြပါတယ်။

တချို့ဈေးဝယ်သူတွေကတော့ ပလတ်စတစ်ကို လျှော့ချ သုံးစွဲဖို့ ကြိုးပမ်းလာသူတွေလည်းရှိပါတယ်။ အဲဒီအထဲမှာအသက် ၃၀ အရွယ် မမိုးမိုးထွန်းလည်းပါဝင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ် လောက်က စပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ပလတ်စတစ် ရဲ့ ဆိုးကျိုးတွေကို မကြာမကြာ တွေ့လာရာက သတိပြုမိလာပြီး လျှော့သုံးဖို့ လုပ်တာလို့ သူက ပြောပါတယ်။

““စုထည့်လို့ရတဲ့ ပစ္စည်းတွေအတွက်ဆိုရင် အိတ်မယူဘူး။ ဒါပေမဲ့ မယူမဖြစ် ယူရတဲ့အခါတွေလည်း ရှိတယ်။ စားစရာ သောက်စရာတွေ အလွယ်တကူလမ်းကြုံလို့ ၀ယ်တဲ့အခါမှာတော့ ပလတ်စတစ်အိတ်ကို မဖြစ်မနေ သုံးဖြစ်တယ်”” လို့ မမိုးမိုးထွန်း ကပြောပြပါတယ်။

ပလတ်စတစ်ကို တစ်ခါတည်းသုံးပြီးလွှင့်မပစ်ဘဲနဲ့ အကြိမ် ကြိမ် ပြန်လည်အသုံးပြုခြင်းဖြင့် ပလတ်စတစ်အသုံးပြုမှုကို လျှော့ချဖို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက အကြံပြုပါ တယ်။ ဥပမာ – ရေသန့်ဘူးအစား အကြိမ်ကြိမ် ထည့်သုံးစွဲနိုင်တဲ့ ရေဘူးကို သုံးခြင်းဖြင့် လျှော့ချနိုင်ပါတယ်။

 

အခွန်တိုးမြှင့်

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရေးဆွဲနေတဲ့ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနဲ့ လုပ်ငန်းအစီအစဉ်မှာ ပလတ်စတစ် လျှော့ချသုံးစွဲ ဖို့ 3R  (Reduce, Reuse, Recycle) ကို အခြေခံထည့်သွင်း ရေးဆွဲထားတယ်လို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေးဌာနဩန်ကြားရေးမှူး ဦးမင်းမော်က ဆိုပါတယ်။

ဒါ့အပြင် သုံးစွဲမှု လျှော့ချဖို့ဆိုရင် ပလတ်စတစ်နဲ့ ပတ် သက်ပြီး အခွန်အခတွေတိုးမြှင့်ကောက်ခံသင့်တယ်လို့ သဘာဝ ပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေက ထောက်ပြပါတယ်။

သန့်မြန်မာအဖွဲ့က မမေသက်ထွေးက ပလတ်စတစ်အပေါ် ကို ““လူတွေမပေးချင်လောက်တဲ့ ပမာဏ (အခွန်) ကောက်လိုက် ရင် လူတွေ သုံးတော့မှာမဟုတ်ဘူး””လို့ ဆိုပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်တဲ့ တစ်ခါသုံး ပလတ်စတစ်ဆိုင် ရာ အစီရင်ခံစာအရ ပလတ်စတစ်အသုံးပြုမှု လျှော့ချနိုင်ဖို့ သုံး စွဲမှု ကန့်သတ်တာ၊ ပလတ်စတစ်အပေါ် အခွန်အခတွေ တိုးမြှင့် ကောက်ခံတာ စတဲ့နည်းလမ်းတွေကို နိုင်ငံပေါင်း ၆၀ ကျော်မှာ လုပ်ဆောင်နေကြပါတယ်။ အချို့နိုင်ငံတွေမှာတော့ နိုင်ငံလုံးဆိုင် ရာ မူဝါဒတွေ ချမှတ်လုပ်ဆောင်သလို ဒေသဆိုင်ရာအကောင် အထည်ဖော်တာတွေလည်း ရှိပါတယ်။

အစ္စရေးနိုင်ငံမှာ ပလတ်စတစ်အိတ်နဲ့ ပတ်သက်ပြီး အခွန် စည်းကြပ်မှုတွေတိုးမြှင့်ပြီးတဲ့နောက် သုံးစွဲမှုလျော့လာသလို မော်ရိုကိုနိုင်ငံမှာလည်း ပလတ်စတစ် တင်သွင်းတာ၊ ထုတ်လုပ် တာ၊ ရောင်းချတာတွေကို ကန့်သတ်ပြီးနောက်မှာ သုံးစွဲမှုနှုန်း လျော့ကျသွားတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ တစ်ခါသုံး ပလတ်စတစ်ဆိုင်ရာ အစီရင်ခံစာက ဆိုပါတယ်။

 

အမှိုက်အမျိုးအစား ခွဲခြားပါ

ပလတ်စတစ်ကို လျှော့ချသုံးစွဲတာ၊ အကြိမ်ကြိမ်သုံးစွဲတာ အပြင် ပလတ်စတစ်ကိုအသုံးပြုပြီး အခြားပစ္စည်းထုတ်လုပ်ဖို့ လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ပလတ်စတစ်ကို အခြားပစ္စည်းအနေနဲ့ ပြန်လည်ထုတ်လုပ် အသုံးပြုနိုင်တာ ၉ ရာ ခိုင်နှုန်းပဲ ရှိတယ်လို့ ကုလသမဂ္ဂရဲ့ တစ်ခါသုံး ပလတ်စတစ်ဆိုင် ရာ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း အသုံးပြုပြီး ပလတ်စတစ်ကို အခြား ပစ်္စည်းအနေနဲ့ ပြန်လည်ထုတ်လုပ်သုံးစွဲဖို့ ရင်ဆိုင်ရတဲ့ အခက် အခဲတွေ ရှိနေပါတယ်။  စွန့်ပစ်ပလတ်စတစ်ကို အခြားပစ်္စည်း အနေနဲ့ ပြန်လည်အသုံးပြုနိုင်ဖို့ဆိုရင် စတင်စွန့်ပစ်ကတည်းက အမှိုက်အမျိုးအစား ခွဲခြားပြီးပစ်မှသာလျှင် အဆင်ပြေမှာ ဖြစ် တယ်လို့ ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်ရေးဌာနက ဩန် ကြားရေးမှူး ဦးမင်းမော်က ဆိုပါတယ်။

ဒီအတွက် ဥပဒေပိုင်းဆိုင်ရာ ဩန်ကြားချက်တွေ ထုတ်ပြန် ဖို့ လိုအပ်သလို အမှိုက်ခွဲခြားသိမ်းဆည်းနိုင်မယ့် ယာဉ်တွေ၊ ၀န် ထမ်းတွေလည်း ဖြည့်တင်းဖို့ လိုအပ်တယ်လို့ ဦးမင်းမော်က ထောက်ပြပါတယ်။

ဒါပေမဲ့  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ဘတ်ဂျက်ထဲ မှာတော့ ပလတ်စတစ်နဲ့ပတ်သက်ပြီး ““သီးခြားဘတ်ဂျက် မရှိပါ ဘူး””လို့ သူကဆိုပါတယ်။

စည်ပင်သာယာရေးကော်မတီတွေက ကောက်ခံရရှိတဲ့ အခွန်ကို အမှိုက်သိမ်းဆည်းရေးမှာ ပြန်သုံးတာဖြစ်တဲ့အတွက် အမှိုက်ခွန်တွေ တိုးကောက်ဖို့လိုတယ်လို့ သူကသုံးသပ်ပါတယ်။

အမှိုက်ခွန် တိုးမြှင့်ကောက်ခံခြင်းဖြင့် ““ပလတ်စတစ်တင် မကဘူး။ တခြားသော အမှိုက်များကိုပါ ခွဲခြားစွန့်ပစ်ခြင်း၊ သိမ်းဆည်းခြင်းကို နိုင်နင်းစွာ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါ တယ်””လို့ ဦးမင်းမော်က သုံးသပ်ပါတယ်။

ကုန်ထုတ်ဓာတုဗေဒဌာန ဌာနမှူး ဒေါ်စိုးစိုးသန်းကလည်း အမှိုက်စွန့်ပစ်ကတည်းက အမျိုးအစားခွဲခြားပြီး မပစ်တဲ့အခါ တခြားပစ္စည်းအနေနဲ့ ပြန်လည်ထုတ်လုပ်ဖို့ဆိုရင် ““ပြန်လည် သန့်စင်တဲ့ ကုန်ကျစရိတ်က ကြီးမားတယ်””လို့ ထောက်ပြ              ပါတယ်။

လက်ရှိမှာ  အမှိုက်စွန့်ပစ်မှုအတွက် သန့်ရှင်းရေး ၀န် ဆောင်ခ နှုန်းထားတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက မြို့နယ်အလိုက် အမျိုးအစားသုံးမျိုး ခွဲခြားသတ် မှတ်ထားပါတယ်။ အိမ်ခန်းတစ်ခန်းကို အမြင့်ဆုံးအနေနဲ့ တစ် ရက်ကို ၂၀ ကျပ် သတ်မှတ်ထားပြီး ဆင်ခြေဖုံးမြို့နယ်တွေမှာတော့ တစ်ရက်ကို ၁၀ ကျပ် သတ်မှတ်ထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၀က်ဘ်ဆိုက်မှာ ထုတ်ပြန်ထား ပါတယ်။

 

အနာဂတ်ဟာ အမှိုက်ပုံထဲမှာ

အမှိုက် စနစ်တကျစွန့်ပစ်ဖို့ အရေးကို လိုက်နာဖို့ဆိုရင် ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုတယ်လို့  သဘာဝပတ်ဝန်း ကျင်အရေး လှုပ်ရှားသူများက ဆိုပါတယ်။

စည်းကမ်းမဲ့ အမှိုက်ပစ်ရင် ဒဏ်ငွေ ပေးဆောင်ရမယ်လို့ ရေးသားထားပေမယ့် ““အမှိုက်ပစ်လို့ ဒဏ်ငွေငါးထောင် ပေးရ တယ်။ တစ်သောင်းပေးရတယ်ဆိုတာ တစ်သက်မှာ တစ်ခါမှ မကြားဖူးဘူး”” လို့ ဒေါက်တာကျော်ညိမ်းအေးက ထောက်ပြ       ပါတယ်။

ပြီးခဲ့တဲ့လက စတင် အသက်ဝင်ခဲ့တဲ့ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ ဥပဒေသစ်အရ သတ်မှတ်ထားတဲ့ အမှိုက်ပုံး၊ အမှိုက်ကန်နဲ့ အမှိုက်စွန့်ပစ်ရမယ့် နေရာတွေမှအပ အခြားနေရာတွေမှာ စွန့်ပစ်ရင် ဒဏ်ငွေ ကျပ်သုံးသောင်းကနေ သုံးသိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ကုလသမဂ်္ဂ တစ်ခါသုံး ပလတ်စတစ်ဆိုင်ရာ အစီရင်ခံစာ အရ တချို့နိုင်ငံတွေမှာ ပလတ်စတစ်နဲ့ပတ်သက်ပြီး မူဝါဒတွေ ချမှတ်ပေမယ့် အကောင်အထည်ဖော်မှု အားနည်းတာကြောင့် ထိရောက်မှုမရှိဘူးလို့ ဆိုပါတယ်။

မူဝါဒတွေ ချမှတ်လုပ်ဆောင်ဖို့ လိုသလို ပြည်သူလူထု အနေနဲ့ ပလတ်စတစ်ကို လျှော့ချသုံးစွဲဖို့ စိတ်ဝင်စားလာစေဖို့ အသိပညာပေးမှုတွေ လုပ်ဆောင်ပြီး စည်းရုံးလှုံ့ဆော်ဖို့ လိုအပ် တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဩန်ကြားရေးမှူးချုပ်  ဦးစိန်ထွန်းလင်းက ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ စာသင်ကျောင်းတွေမှာပလတ်စတစ်နဲ့ ပတ်သက်တဲ့ အသိပညာ ပေး ဟောပြောပွဲတွေလုပ်သလို အများပြည်သူတွေကို ပလတ် စတစ်နဲ့ ပတ်သက်ပြီး လက်ကမ်းစာစောင်ဝေတယ်လို့ ဒေါက်တာ အောင်မြင့်မော်က ဆိုပါတယ်။

““ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံလည်း ပညာပေးတော့ လုပ်ရမှာ ပဲ။ ဖွံ့ဖြိုးတိုးတက်ဆဲလည်း ပညာပေးတော့ လုပ်ရမှာပဲ”” လို့ သူက ဆိုပါတယ်။

စာသင်ကျောင်းတွေမှာ အသိပညာပေးတာတွေကြောင့် ကလေးတွေအနေနဲ့ ပလတ်စတစ်နဲ့ ပတ်သက်တာတွေ ပိုမို သိရှိလာပေမယ့် ထိရောက်မှုရလဒ်ကို တွက်ဖို့မလွယ်ကူဘူးလို့ သူက ဆိုပါတယ်။

ဆွေးမြည့်ပျက်စီးဖို့ အချိန်ကြာမြင့်တဲ့ ပလတ်စတစ် အမှိုက်တွေအရေးကို လျစ်လျူရှုထားရင် ကြုံရမယ့် ပြဿနာကို မမေသက်ထွေးက စိုးရိမ်ပူပန်တယ်လို့ အခုလို ဆိုပါတယ်။

““ဒီအမှိုက်ကို ဂရုမပြုဘဲ ဆက်လက်ပြီး စွန့်ပစ်နေမယ်ဆို ရင် ကျွန်တော်တို့ မွေးလာတဲ့ ကလေးတွေ အမှိုက်ပုံမှာ ကြီးလာ ရမှာ””

 

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here