အစိုးရနဲ့ ပြည်သူကြား လွန်ဆွဲနေတဲ့ ကရင်ပြည်နယ်က ကျောက်မီးသွေးစီမံကိန်း

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ ကျော်ဇေယျ ရေးသည်။ ဘားအံ (ဇန်န၀ါရီ၊ ၂၀၁၈) နေ့လယ်ခင်းအချိန်မို့ အပူချိန်ပြင်းပေမယ့် သုံး အိမ်ရွာလေးကတော့ သစ်ရိပ်၊ ၀ါးရိပ်တွေနဲ့ အေးအေးချမ်းချမ်း၊ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။       ကရင်ပြည်နယ်မြို့တော် ဘားအံရဲ့မြောက်ဘက်ကို ဆိုင် ကယ်နဲ့ မိနစ် ၄၀ လောက်မောင်းရတဲ့ ဒီရွာရဲ့ ဘေးမှာတော့ အာရှရဲ့ အရှည်ဆုံးမြစ်တွေထဲက တစ်စင်းဖြစ်တဲ့ မြစ်သံလွင်က ရစ်ခွေစီးဆင်းနေပါတယ်။       ရွာထဲဝင်သွားတော့ ရယ်မောဆော့ကစားနေကြတဲ့ ကလေးငယ်တွေနဲ့ ၀ိုင်းဖွဲ့ စကားပြောနေကြတဲ့ ရွာသူရွာသား တချို့ကို တွေ့ရတယ်။ အိမ်တိုင်းလိုလိုရဲ့ ခြံစည်းရိုးမှာတော့ “ကျောက်မီးသွေး အလိုမရှိ”ဆိုတဲ့ ပိုစတာတွေကို ချိတ်ဆွဲထား ကြပါတယ်။       အဲဒီလိုချိတ်ဆွဲထားတဲ့အကြောင်းကတော့ ကရင်ပြည် နယ် အစိုးရဟာ သုံးအိမ်ရွာဘေးမှာ … Continue reading အစိုးရနဲ့ ပြည်သူကြား လွန်ဆွဲနေတဲ့ ကရင်ပြည်နယ်က ကျောက်မီးသွေးစီမံကိန်း