Home ကဗျာ လွှတ်လှတဲ့ကဗျာ

လွှတ်လှတဲ့ကဗျာ

170
0
min htet maung
min htet maung
Advertise Here

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Poem ဖြစ်ပါသည်။

မင်းထက်မောင်

မိုးဦးလေဦး ညကြီးထဲ

Advertise Here

လွန်ခဲ့တဲ့ နာရီအနည်းငယ်လောက်က

တအုံးအုံးနဲ့ သဲသဲမဲမဲ ရွာချခဲ့တဲ့ မိုးဟာ

အခုတော့ တိတ်လို့ ရပ်လို့ တန့်လို့သွား

အဲဒီအစား ကွဲပြားခြားနားတဲ့ ဖားအော်သံတွေက

ဆေးရောင်စုံတွေ ကြဲပက်ထားတဲ့

ပန်းချီကားတစ်ချပ်လို ရုန်းကြွဆူညံပွက်

ဖားမဟုတ်တဲ့ တခြား အင်းဆက်အကောင်ပလောင်တွေရဲ့

စူးစူးရှရှ အော်မြည်နေသံတွေကလည်း

စည်းချက်မှန်စွာ အရပ်အနားမရှိ တီးခတ်

ဘုရားဘက် အသံမစဲ ပဋ္ဌာန်းပွဲဆီက

လွင့်ပျံ့လာတဲ့ ပါဠိတော် ရွတ်ဖတ်သံတို့

ဋ္ဌာန်ကရိုဏ်းကျနစွာ ညထဲ ဖြတ်ရှ

လားရာမတူတဲ့ ဆန့်ကျင်ဘက် အရပ်ဆီကတော့

မြူးမြူးကြွကြွ ခေတ်ပေါ် စင်တင်တေးဂီတတွေ

လေသင့်ရာ ကျော်လွန်လျှံကျ ခပ်သဲ့သဲ့မက

ကြားဖြတ်လို့ တစ်ချက် တစ်ချက် ကြားရတာက

သိပ်မဝေးတဲ့ အဝေးပြေးကတ္တရာလမ်းမကြီးပေါ်

အမြန်ဖြတ်ကျော် မောင်းနှင်သွားကြတဲ့

အရေးပေါ် လူနာတင်ကားတွေရဲ့ ထုတ်လွှင့်သံအမျိုးမျိုး

အိုး … ဆိုးပလား မရိုးမရွလား

သန်းခေါင်ယံညထဲက အသံပေါင်းစုံကို

ငြိမ်သက်အာရုံစိုက်ကာ ခံစားနားထောင်နေမိတုန်း

ဗြုန်းဆို တိခနဲ မီးပျက်သွား

အမှောင်သား အနက်ပြင်ကြီးထဲ

သဘာဝတရားရဲ့ ရစ်သမ်များသာ ထီးထီးကျန်ရစ်

အဲဒီ ချစ်မက်ဖွယ် တဒင်္ဂဟာ လွှတ်လှတဲ့ ကဗျာ။

 

(၂၇.၅.၂၀၁၇)

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here