Home သုံးသပ်ချက် ရှီကျင့်ဖိန်ရဲ့ သန့်စင်ခန်း မဟာယဉ်ကျေးမှု တော်လှန်ရေး

ရှီကျင့်ဖိန်ရဲ့ သန့်စင်ခန်း မဟာယဉ်ကျေးမှု တော်လှန်ရေး

318
0
Advertise Here

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သုံးသပ်ချက် ဖြစ်ပါသည်။

ဒေါက်တာစိုးခိုင်ရေးသည်

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ တရုတ်ပြည်သူ့ သမ်္မတနိုင်ငံသမ်္မတ မစ်္စတာရှီကျင့်ဖိန်က တစ်နိုင်ငံ လုံးနဲ့ သက်ဆိုင်တဲ့ သန့်စင်ခန်း (အိမ်သာ)နဲ့ စပ်လျဉ်းတဲ့ မဟာတော်လှန်ရေးတစ်ရပ် ဆင်နွှဲ မယ်လို့ တရားဝင်ဩန်ကြားခြင်း မိန့်ခွန်းပြောပြီး ကြေညာခဲ့ပါတယ်။        

Advertise Here

      ၁၉၆၆ ခုနှစ်မှာ ဥက်္ကဋ္ဌကြီး မော်စီတုန်းရဲ့ တတိယဇနီး မဒမ်ကျန် ချင်းဦးဆောင်တဲ့ လေးဦးဂိုဏ်း (GANG OF FOUR) ဟာ တရုတ်ကွန်မြူနစ်ပါတီအတွင်းမှာ ရှိနေတဲ့ ဖောက်ပြန်တဲ့ ပြန် လည်ပြုပြင်ရေးဝါဒီတွေနဲ့ လူတန်းစားမမှန်တဲ့ အရင်းရှင် ဓနရှင် လက်ကျန်တွေရဲ့ အဆက်အသွယ်တွေကို ပါတီနဲ့ နိုင်ငံတော် အတွင်း နှောင့်ယှက်ဖျက်ဆီးနေမှုကို ကာကွယ်ဖယ်ရှား ရှင်းလင်း သုတ်သင်ဖို့ဆိုတဲ့ ကြွေးကြော်သံနဲ့ လူငယ်လေးတွေကို တပ်နီလူ ငယ်များ (RED GUARD YOUTH FORCE) ဟုန်ဝေပင်းဆိုတဲ့ အမည်နဲ့ ဖွဲ့စည်းဦးဆောင်ပြီး တရုတ်ကွန်မြူနစ်ပါတီ အစိုးရနဲ့ ပါတီအတွင်းမှာ ဖြုတ်ထုတ်သတ်လှုပ်ရှားမှု မုန်တိုင်းကြီး ဆင်နွှဲခဲ့ ပါတယ်။ အဲ ဒီစစ်ဆင်ရေးမှာ တရုတ်နိုင်ငံ သမ်္မတမစ်္စတာလျူ ရှောက်ချီ အသက်ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းစစ်ကာလအတွင်း ရွပ် ရွပ်ချွံချွံ တိုက်ပွဲဝင် အနစ်နာခံ လုပ်ဆောင်ခဲ့ကြတဲ့ ဥက်္ကဋ္ဌ မော်ရဲ့ လက်တွဲဖော်ရဲဘော်များစွာဟာ တပ်နီလူငယ်တွေရဲ့ အုပ်စုလိုက် ညှဉ်း ပန်းနှိပ်စက်ခြင်း၊ ဂုဏ်သိက်္ခာမဲ့ စော်ကားခြင်း၊ ထောင်သွင်း အကျဉ်းချခံရခြင်းကနေ တချို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ပြည်သူ အများ ချစ်ခင်လေးစားကြတဲ့ ၀န်ကြီးချုပ် မစ်္စတာ ချူအင်လိုင်း အပါအ၀င် ခေါင်းဆောင်ကောင်းများစွာဟာ မတတ်သာလို့ ရေငုံ နှုတ်ပိတ် မျက်နှာအောက်ချ သည်းခံခဲ့ကြရပါတယ်။

      အခု နှစ်ပေါင်း ၅၀ အကြာ ၂၀၁၅ ခုနှစ်မှာတော့ နိုင်ငံတော် သမ်္မတ မစ်္စတာ ရှီကျင့်ဖိန်က ဦးဆောင်ပြီး ဒုတိယအကြိမ် တစ် မျိုးသားလုံး၊ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ မဟာယဉ်ကျေးမှု တော်လှန်ရေးကြီးတစ်ရပ် ဆင်နွှဲပြန်ပါပြီ။ ဒီတစ်ခါ အကြီး အကျယ် အပြတ်အသတ် ပြင်းပြင်းထန်ထန် ဆင်နွှဲမည့် မဟာ ယဉ်ကျေးမှု တော်လှန်ရေးကြီး (THE GREAT CULTURAL REVOLUTION) ကတော့ အများအံ့အားသင့် ပါးစပ်ဟောင်း လောင်း ဖြစ်သွားစေတဲ့ သန့်စင်ခန်း (အိမ်သာ)ယဉ်ကျေးမှု တော် လှန်ရေးပဲ ဖြစ်ပါတော့တယ်။

      တရုတ်နိုင်ငံရဲ့ အများပြည်သူသုံး သန့်စင်ခန်း (PUBLIC TOILETS) တွေ၊ စားသောက်ဆိုင်တွေနဲ့ တချို့ ဟိုတယ်အသေးစား တွေရဲ့ သန့်စင်ခန်းတွေဟာ ဆိုရင် နာမည်ဆိုးနဲ့ ကျော်ကြားပြီး တရုတ်ပြည်သူ့သမ်္မတနိုင်ငံအတွက်ရော အုပ်ချုပ်သူ အဖွဲ့အစည်း တွေနဲ့ လူမျိုးဂုဏ်သိက်္ခာအတွက်ပါ မျက်နှာပျက်စရာ ဖြစ်နေခဲ့ တာ ကြာပါပြီ။ အနံ့အသက် ဆိုးဝါးနံစော်သလို အိမ်သာခန်း ကြမ်းပြင်တွေဟာလည်း ညစ်ပတ်ပေရေပြီး ရေဆိုးတွေနဲ့ လျှံနေ တတ်တာဟာ မထူးဆန်းတော့သလို ဖြစ်နေတာဟာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာဓလေ့တစ်ခုလို ဖြစ်နေပါပြီ။ အဆိုးဝါးဆုံးက တော့ အိမ်သာကမုတ်ခွက်တွေ ပတ်လည်မှာ အညစ်အကြေးတွေ နဲ့ ပေကျံနေတတ်သလို အသုံးပြုပြီးမှ ရေမလောင်း၊ ရေဆွဲမချတာ ဟာလည်း တရုတ်နိုင်ငံ၊ တရုတ်လူမျိုးတို့ရဲ့ အမျိုးသားလက်္ခဏာ (NATIONAL CHARACTERISTIC) လို ဖြစ်နေပါတယ်။

      ဒီနေရာမှာ စင်ကာပူနိုင်ငံအစိုးရရဲ့  ထူးခြားဆန်းကြယ်တဲ့၊ ပြဖွယ်ကောင်းလှတဲ့ ဥပဒေကဲ့သို့ အမိန့်တည်စေသော ထုတ်ပြန် ကြေညာချက် တစ်ရပ်ကို သတိရစေပါတယ်။ သန့်စင်ခန်း (အိမ် သာ) အသုံးပြုပြီး ရေမလောင်းရင်၊ ရေဆွဲမချရင် ဒဏ်ငွေ စင်ကာ ပူဒေါ်လာ ၅၀၀ ပါတဲ့ ခင်ဗျ။ အဲဒီကြေညာချက် ထွက်လာပြီးတဲ့ နောက်မှာ လူ့အခွင့်အရေးနဲ့ နိုင်ငံသားတို့ရဲ့ မူလရပိုင်ခွင့်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတွေ၊ အတိုက်အခံပါတီ က အမတ်တွေက ဒီနိုင်ငံမှာ အိမ်သာတက်ရင်တောင် စောင့် ကြည့်ခံရတဲ့ အ်္တရာယ်အနေအထားကို ရောက်နေပြီလားဆိုပြီး ထအော်ကြပါတော့တယ်။ ၀ိုင်းဝန်းဝေဖန်ကန့်ကွက်မှုတွေလည်း ဆူညံနေပါတော့တယ်။ အထူးသဖြင့် လူ့အခွင့်အရေးကို အလွန် အလေးထားတဲ့ အနောက်နိုင်ငံက က်္ဘာလှည့်ခရီးသွားတွေဟာ ဒီကြေညာချက်ကြောင့် စင်ကာပူကို လာရောက်လည်ပတ်မှု လျော့နည်းသွားပြီး နိုင်ငံတော်ရဲ့ က်္ဘာလှည့်ခရီးသည် အခြေပြု  စီးပွားရေးကို ထိခိုက်သွားတော့မှာပဲ ဆိုပြီးတော့ ထောက်ပြဝေ ဖန်ကြပါတော့တယ်။

      သူတို့နိုင်ငံသားအားလုံးကို အစစအရာရာ ရှုထောင့်ပေါင်း စုံကနေ လိုလေသေးမရှိ စဉ်းစားပူပန်ပြီး စီမံတတ်တဲ့ စင်ကာပူ အစိုးရဟာ စင်ကာပူကို ကလေးထိန်းအစိုးရ (NANNY COUNTRY)၊  တရားဥပဒေစိုးမိုးရေးကို တည်ထောင်ရာမှာလည်း တိကျပြတ် သားပြီး ကိုယ်ကျိုးရှာ အကျင့်ပျက်ခြစားမှု လုံးဝမရှိအောင် ပြင်း ထန်လွန်းလှတာကြောင့် စင်ကာပူကို ပုလိပ်နိုင်ငံ (POLICE  COUNTRY) လို့ က်္ဘာကျော်အောင် အုပ်ချုပ်တဲ့ စင်ကာပူအစိုးရ ဟာ အဲဒီဝေဖန်ကန့်ကွက်မှုတွေကို လုံးဝ လက်မခံ၊ ဂရုမစိုက်ဘဲ ကြေညာချက်ပါအတိုင်း အများပြည်သူသုံး သန့်စင်ခန်း(အိမ် သာ)ကို ညစ်ပတ်ပေရေအောင် လုပ်ခဲ့လို့ကတော့ ဒဏ်ငွေ ၅၀၀၊ မြန်မာငွေ ငါးသိန်းခန့်ကို ဆောင်ပေတော့ပဲ။ ပြီးရင် တစ်ဦးချင်း ကို ပြစ်မှုမှတ်တမ်း ကိုယ်ပိုင်ကွန်ပျူတာနဲ့ မှတ်တမ်းတင်ထားပြီး နိုင်ငံခြားသားဆိုရင်လည်း နိုင်ငံကူးလက်မှတ်နဲ့တကွ ဓာတ်ပုံနဲ့ပါ  ပူးတွဲပြီး မှတ်တမ်းယူထားတတ်တာကြောင့် နောက်တစ်ခါ စင် ကာပူနိုင်ငံကို ၀င်ချင်ရင်တော့ မလွယ်တော့ဘူးသာ မှတ်ပေ တော့ပဲ။ ခြောက်လတစ်ကြိမ် နိုင်ငံကူးလက်မှတ် ပြန်လျှောက်ရ တဲ့ အတိတ်ကာလ အချိန်များမှာတော့ အဲဒီဆောင်ရွက်မှုဟာ မြန်မာတွေအတွက်တော့ “သနားတယ်”လို့ ပြောရမယ့် အခြေ အနေပါပဲ။

      နိုင်ငံကျော်သီတဂူဆရာတော် အရှင်ဒေါက်တာဉဏိဿရ ဆရာတော်ဘုရားကြီးကတော့ သူ့ရဲ့ တရားဓမ်္မသဘင်တစ်ခု၌ တရားဟောကြားရာမှာ သူ နိုင်ငံခြားခရီးတစ်ခုကို သွားရာမှာ လေဆိပ်သန့်စင်ခန်း (အိမ်သာ)အတွင်းမှာ စနစ်တကျမဟုတ်ဘဲ စည်းကမ်းမဲ့ အသုံးပြုခဲ့တာကြောင့် အိမ်သာကမုတ်ခွက် အတွင်း အပြင်မှာ အညစ်အကြေးတွေနဲ့ ပေပွညစ်ပတ်နေတဲ့အကြောင်း ဟောကြားခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ ရန်ကုန်လေဆိပ်မှာ သန့်ရှင်းရေးအဖွဲ့ သီးသန့်ထားရှိတာကြောင့် အဲဒီလို ဖြစ်ရပ်မျိုး တွေ လျော့နည်းသွားပြီလို့ ယူဆ ယုံကြည်ရပါတယ်။

      နိုင်ငံတစ်ခုရဲ့ အများသုံးသန့်စင်ခန်း (ဏကဘူငခွှသငူနအ) သာမက မိသားစုတစ်စုချင်း အသုံးပြုနေကြတဲ့ သန့်စင်ခန်း၊ စား သောက်ဆိုင်တွေရဲ့ သန့်စင်ခန်း၊ အစိုးရရုံးဌာနတွေရဲ့ သန့်စင်ခန်း ဆိုတာ အဲဒီနိုင်ငံအစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ စီမံ အုပ်ချုပ်မှု အရည်အချင်း၊ အဲဒီလူမျိုးရဲ့ လူနေမှုအဆင့်အတန်းနဲ့ ဂုဏ်သိက်္ခာ၊ နေထိုင်မှု အမူအကျင့်တွေကို ဖော်ပြနေတဲ့ အချက် ဖြစ်တာကြောင့် မစ်္စတာရှီကျင့်ဖိန်က တရုတ်ပြည်သူ့သမ်္မတနိုင်ငံ  တစ်ဝန်းလုံး တောရောမြို့ပါ မကျန် မြို့ပြ ကျေးလက်အကုန်လုံး နေရာဒေသမရွေး ကျန်းမာရေးနဲ့ ညီညွတ်ပြီး ရောဂါပေါင်းစုံ ကူး စက်မှုနဲ့ ရောဂါပိုးမွှားများ သိုလှောင်ပေါက်ဖွားရာ ဗဟိုနေရာတစ် ခုအဖြစ်မှ ကင်းစင်ရေးကို ရည်ရွယ်ပြီး သန့်စင်ခန်း မဟာယဉ် ကျေးမှုတော်လှန်ရေး (THE GREAT CULTURAL REVOLUTION Of Toilet in Country Wide) ကို တိကျပြတ်သားစွာ ကျင့်သုံးဖို့ မိန့်ခွန်းခြွေရုံသာမကဘဲ အဆင့်ဆင့်သော အုပ်ချုပ်စီမံရေး အဖွဲ့ အစည်းများကို အမျိုးသားရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် မှတ်ယူ လုပ်ဆောင်ကြဖို့ အပြင်းထန်ဆုံး ဩန်ကြား အမိန့်ပေးခဲ့ပါပြီ။ လက်တွေ့လည်း တကယ်တိတိကျကျ မပြတ်မလပ် စစ်ဆေးကွပ် ကဲ ကြပ်မတ်နေတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံတစ်ဝန်းလုံး မြို့ ပြကျေးလက် ကွာဟမှု မရှိစေရဘဲ ယခင်က နာမည်ဆိုးနဲ့ ကျော် ကြား  အရှက်ကွဲခဲ့တာကို ချေဖျက်ဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းမွှေးပျံ့တဲ့ အိမ်သာသန့်စင်ခန်းတွေ ဖြစ်လာဖို့ အပြတ် လုပ်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကရော သန့်စင်ခန်း အိမ်သာ တွေ၊ အထူးသဖြင့် အစိုးရရုံးဌာနက သန့်စင်ခန်းတွေ ပြောင်းလဲ ချိန် မတန်သေးဘူးလား။

 

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here