Home ထုတ်ပြန်ချက် ရန်ကုန်သူနာပြုတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ကျော် ဆန္ဒပြ

ရန်ကုန်သူနာပြုတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ကျော် ဆန္ဒပြ

269
0
ဓာတ်ပုံ -ဗညားကျော်/မော်ကွန်းမဂ္ဂဇင်း
Advertise Here

 

ရန်ကုန်၊ မတ်-၁၅

 

Advertise Here

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အပေါ် မကျေနပ်သဖြင့် ရန်ကုန်သူနာပြုတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ကျော်သည် ယနေ့ (မတ် ၁၅)တွင် ရန်ကုန်သူနာပြု တက္ကသိုလ်မှ မဟာဗန္ဓုလပန်းခြံအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁ ရက်တွင် ‘ပုဂ္ဂလိကဆေးရုံများတွင် သူနာပြုနှင့် သားဖွား တက္ကသိုလ်/ သင်တန်းကျောင်းများမှ စာချုပ်ဖောက်ဖျက်သော သူနာပြုနှင့် သားဖွားများ ခန့်ထားခြင်း မပြုရန် ကိစ္စ’ ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ပုဂ္ဂလိက ဆေးရုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ သူနာပြုနှင့် သားဖွားတက္ကသိုလ်/သင်တန်းကျောင်းများနှင့် သဘောတူချုပ်ဆိုသည့် စာချုပ်အားဖောက်ဖျက် သော သူနာပြုနှင့် သားဖွားများကို ခန့်အပ်တာဝန်ထမ်းဆောင်ခြင်း မပြုစေရေး၊ နိုင်ငံဝန်ထမ်းအဖြစ် အနည်းဆုံး သုံးနှစ် တာဝန်ထမ်းဆောင် ပြီးခြင်း၊ သက်ဆိုင်ရာဌာန၏ တရားဝင်နှုတ်ထွက်ခွင့် ရရှိပြီးခြင်း၊ သူနာပြုနှင့် သားဖွားလိုင်စင် သက်တမ်းရှိသူဖြစ်ခြင်း စသည့်အချက်များနှင့် ပြည့်စုံသူများကိုသာ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ထမ်းဆောင်စေရန်ဟု ဖော်ပြထားသည်။

 

ဗညားကျော် ရေးသည်။

 

ဓာတ်ပုံ -ဗညားကျော်/မော်ကွန်းမဂ္ဂဇင်း

 

ဓာတ်ပုံ -ဗညားကျော်/မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ -ဗညားကျော်/မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ -ဗညားကျော်/မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ -ဗညားကျော်/မော်ကွန်းမဂ္ဂဇင်း
Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here