Home အင်တာဗျူး ဗိုလ်မှူးကြီးစိုင်းလှ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် အင်တာဗျူး

ဗိုလ်မှူးကြီးစိုင်းလှ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် အင်တာဗျူး

277
0
Photo- Support
Advertise Here

၂၁ ရာစုပင်လုံညီလာခံ ကျင်းပပြီးနောက်ပိုင်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ တပ်မ တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တိုက်ပွဲပြန်ဖြစ်တယ်။ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS/SSA အဖွဲ့အပြင် အပစ်ရပ် စာချုပ်မှာ လက်မှတ်မရေးထိုးထားတဲ့ ကချင် လွတ်မြောက်ရေးတပ်မတော် KIA နဲ့လည်း တိုက် ပွဲတွေ ဖြစ်တယ်။ ပင်လုံညီလာခံအပြီး ဖြစ်လာတဲ့ တိုက်ပွဲတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လိုရိုက်ခတ်မှုရှိလဲ။ လက်ရှိ တိုက်ပွဲအနေ အထားတွေကို RCSS/SSA မှ ဗိုလ်မှူးကြီးစိုင်းလှကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထား ပါတယ်။

မော်ကွန်း။           ။ RCSS ဆိုရင် NCA မှာ လက်မှတ်ရေးထိုးထားတယ်။ ပင်လုံညီလာခံကိုလည်း တက်ရောက်ခဲ့တယ်။ အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တပ်မတော်ကြားမှာ ဘာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်ရတာလဲ။

ဗိုလ်မှူး ကြီးစိုင်းလှ။            ။ အကြောင်းရင်းကတော့ အခု သူကလည်း ကိုယ့်ကိုပြော၊ ကိုယ်ကလည်း သူ့ကိုပြော ဒီလိုမျိုး စွပ်စွဲနေတဲ့ အနေအထားမျိုးပဲဖြစ်တယ်။ အကြောင်းရင်းကို ကျွန်တော်တို့ ဖြေရှင်းလို့ မရသေးဘူး။ ဖြေရှင်းနိုင်တဲ့ အဖွဲ့အစည်းတွေက ဒေသ ခံမှာဆိုရင် JMC-S (ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) ပေါ့နော်။ သူတို့ ကနေ ဖြေရှင်းသွားဖို့ရှိတယ်။ ဒါကြောင့်မို့ အပြန်အလှန်စွပ်စွဲတဲ့ အစား တကယ့်အကြောင်းရင်းကို ကျွန်တော်တို့ တွေ့ဆုံပြီး နောက် ဒီလိုမဖြစ်အောင် ဘယ်လိုမျိုးဆောင်ရွက်မယ်ဆိုတာ စု ပေါင်းပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့  ပူးတွဲအဖြေရှာဖို့ ညှိနှိုင်းဆွေး နွေးပြီး ဖြေရှင်းကြဖို့ပဲ  ဖြစ်ပါတယ်။

Advertise Here

မော်ကွန်း။           ။ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားပေမယ့် အခုလို တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ NCA စာချုပ်အပေါ် ဘယ်လောက်ထိယုံကြည်မှုရှိလဲ။

ဗိုလ်မှူးကြီးစိုင်းလှ။            ။ တိုက်ပွဲမဖြစ်ချင်လို့ ကျွန်တော်တို့ဘက်က NCA လက်မှတ်ထိုးပြီး လိုက်နာဆောင်ရွက်တယ်။ သို့ပေမဲ့ တစ် ဖက်နဲ့တစ်ဖက် တချို့ ကွဲကွဲပြားပြား မလုပ်ရသေးတဲ့ ညှိနှိုင်းလို့ မရသေးတဲ့ အချက်တွေရှိနေတယ်။ ဥပမာ- အပစ်အခတ်ရပ်စဲ ရေးနယ်မြေဆိုတာ ဘယ်နယ်မြေလဲ။ ဘယ်နယ်မြေကို ခေါ်ဆို သလဲ။ နောက်တစ်ခုက နယ်မြေပိုင်းခြားရေးကိစ္စတွေကို ကျွန် တော်တို့ မဖော်ဆောင်နိုင်သေးဘူး။ အဲဒီကိစ္စတွေ မဖော်ဆောင် နိုင်သေးသရွေ့တော့ စစ်ရေးလှုပ်ရှားမှုအပိုင်းမှာ ဒီလိုမျိုး သူတို့က လည်း ကျွန်တော်တို့ကို စွပ်စွဲတယ်။ တစ်ဖက်နဲ့တစ်ဖက် အဲဒီလို မျိုးတွေ ဖြေရှင်းလို့ မရသေးတဲ့ အနေအထားတစ်ခုမှာ စစ်ရေး နည်းလမ်းနဲ့  မဖြေရှင်းဖို့ အဓိက အခရာကျပါတယ်။ ဒါကြောင့် စစ်ရေးနည်းလမ်းကို ရှောင်ရှားဖို့ အားလုံးထပ်မံပြီး ညှိနှိုင်းဖို့ လို အပ်ပါတယ်။

ဒီလိုအနေအထားမှာ တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲမယ့်အစား ဖြေရှင်းတဲ့နည်းလမ်းကို စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ တစ် ဖက်နဲ့တစ်ဖက် အပြန်အလှန်ညှိနှိုင်းဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းသင့်ပါတယ်။

Photo- Support
Photo- Support

မော်ကွန်း။           ။ NCA လက်မှတ်ထိုးထားတဲ့အပေါ်မှာ နောင်တရမိ တာမျိုးရော ရှိလား။

ဗိုလ်မှူးကြီးစိုင်းလှ။            ။ ကျွန်တော်တို့မှာ ဒီ ၂ဝ၁၁ ခုနှစ်ကစပြီး တော့ နှစ်ဖက်သဘောတူညီချက်တွေ လက်မှတ်ထိုးထားတဲ့ စာ ချုပ်တွေ ရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေးစာချုပ် NCA အပေါ်မှာလည်း လက်မှတ်ထပ်ထိုးထားပါ တယ်။ ဒီလိုမျိုး စာချုပ်တွေအပေါ်မှာ ကျွန်တော်တို့က ဖောက် ဖျက်ဖို့မလိုဘူး။ ဖောက်ဖျက်ဖို့လည်း စိတ်ထဲမှာ မရှိဘူး။သဘော တူညီချက်အတိုင်းပဲ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာပြီးတော့ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ ဆန္ဒရှိပါတယ်။

မော်ကွန်း။  ။ ဒါဆိုလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်တယ်။ ကချင်မှာဆိုလည်း KIO နဲ့ ဖြစ်တယ်။တိုင်း ရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေထပ် မဖြစ်အောင် ဘယ်လိုမျိုး လုပ်ဆောင်သင့်တယ်လို့ မြင်ပါသလဲ။

ဗိုလ်မှူးကြီးစိုင်းလှ။            ။ ခုနက ကျွန်တော် ပြောဆိုသွားတဲ့အတိုင်း ပါပဲ။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းအတွက်ရော ကနဦး နှစ်ဦးနှစ်ဖက်သဘောတူထားတဲ့ သဘောတူညီချက်တွေ ရှိပါ တယ်။ အဲဒီသဘောတူထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ပြီး တော့ သူလွန်တယ်၊ ကိုယ်လွန်တယ်ဆိုတာကို  အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ်အပေါ် အမြတ်ထုတ်တယ်ဆိုတဲ့ ပုံစံမျိုး မမြင်ဘဲနဲ့ ကောင်းတဲ့ဘက်ကို ဦးတည်တဲ့ ညှိနှိုင်းပုံစံမျိုး၊ ဆွေးနွေး တဲ့ ပုံစံမျိုး အဖြေရှာလိုက်ရင်တော့ မလိုအပ်တဲ့ တိုက်ပွဲတွေကို အနေအထားတစ်ခုအထိ လျှော့ချနိုင်လိမ့်မယ်လို့ ကျွန်တော် အဲဒီလိုပဲမြင်တယ်။

မော်ကွန်း။           ။ လက်ရှိတိုက်ပွဲဖြစ်ပွားတဲ့ မိုင်းကိုင်ဒေသရဲ့ အခြေ အနေကို သိချင်ပါတယ်။

ဗိုလ်မှူးကြီးစိုင်းလှ။            ။ တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ရွာအနီးတစ်ဝိုက်မှာလည်း လောင်ချာတွေ၊ ဗုံးကျည်တွေ ကျတဲ့ အတွက်ကြောင့်၊ တချို့အိမ်ရာတွေလည်း ဗုံးဆန်တွေထိတဲ့ အတွက်ကြောင့် လက်ရှိ အ္တနရာယ်ဖြစ်မှာစိုးလို့ မပြန်ရဲသေးတဲ့ ရွာသားတွေ အမြောက်အမြားရှိပါတယ်။ သူတို့ အဲဒီလိုပဲ နေထိုင် သွားမယ်ဆိုရင် သူတို့ရဲ့အလုပ်အကိုင်၊ သူတို့ရဲ့ စားဝတ်နေရေး ဆေးဝါးကုသဖို့အတွက် လိုအပ်ပါတယ်။ အဲဒါတွေ လတ်တလော ပြတ်နေတယ်လို့ ကျွန်တော်တို့ သိရတယ်။

နောက်ပြီးတော့ နယ်မြေကို မြန်မြန်ပြန်ပြီးတော့ အေး ချမ်းအောင်၊ တိုက်ပွဲတွေ ပြန်မဖြစ်အောင် တာဝန်ရှိတဲ့သူရဲ့ အခန်း ကဏ္ဍကလည်း အင်မတန်မှ အရေးကြီးတဲ့အတွက်ကြောင့် အဲဒီ ကိစ္စကိုပဲ အမြန်ဆုံး ဆောင်ရွက်ပေးကြစေလိုကြောင်း သူတို့ (တိုက်ပွဲဖြစ်ပွားရာနေရာက ဒေသခံ)တွေက ပြောကြပါတယ်။

မော်ကွန်း။           ။ တိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းက ဘာကြောင့်လဲ။

ဗိုလ်မှူးကြီးစိုင်းလှ။            ။ တိုက်ပွဲဖြစ်တာကတော့ အခုမှဖြစ်တာ မဟုတ်ဘူး။ အရင်ကတည်းက တိုက်ပွဲဖြစ်တာ။ လွတ်လပ်ရေး ရပြီးကတည်းက ကျွန်တော်တို့ပြည်တွင်းစစ် ဖြစ်တာကိုး။ တိုက်ပွဲ ဖြစ်ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောရရင်တော့ နိုင်ငံရေး ပြဿနာကြောင့်ပဲ။ တိုက်ပွဲတွေဖြစ်နေတာ။ အဲဒါကို ကျွန်တော် တို့အားလုံးကလည်းလက်ခံနိုင်တဲ့အနေအထားတစ်ခု ရောက် လာပြီဆိုတော့ တိုက်ပွဲမဖြစ်အောင် မပြေလည်သေးတဲ့ ကိစ္စမှန် သမျှကို ကျွန်တော်တို့ဖြေရှင်းမှ ဒီတိုက်ပွဲကြီးက ရပ်တန့်သွား နိုင်မှာဖြစ်တယ်။ ဒီ နိုင်ငံရေးပြဿ       နာတွေကို မဖြေရှင်းသရွေ့၊ နိုင်ငံရေးပြဿ      နာဖြေရှင်းဖို့ အနေအထားတစ်ခု မရောက်သေး သရွေ့ ကြားကာလမှာ ဖြေရှင်းစရာ၊ လုပ် စရာတွေ အများကြီးပဲ။ အခုဖြစ်နေတဲ့ ကိစ္စ ကတော့ ခုန ကျွန်တော်ပြောခဲ့သလိုပဲ။ JMC-S တို့  ကျွန်တော်တို့ ပြန်လည်ဆွေး နွေးရမယ်၊ ညှိနှိုင်းရမယ်၊ ပူးပေါင်းဆောင် ရွက်ရမယ့် ကိစ္စဖြစ်တယ်။  တိုက်ပွဲကတော့ တစ်ဖက်တည်းရပ်နိုင်မှာ မဟုတ်ဘူးဆို တာ ကျွန်တော်တို့အားလုံးကို လက်ခံ ပါတယ်။

မော်ကွန်း။           ။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ် ပွားနေတာက ငြိမ်းချမ်းရေးအပေါ် ဘယ် လိုရိုက်ခတ်မှု ရှိလာနိုင်လဲ။

ဗိုလ်မှူးကြီးစိုင်းလှ။            ။ အမှန်တော့ ဒီ တိုက်ပွဲတွေက ပြန့်သွားတာတော့ မရှိဘူး။ ဖြစ်တဲ့နေရာတွေတော့ ဖြစ်တယ်။ ဒါပေမဲ့ လတ်တလော တိုက်ပွဲတွေရပ်တန့်နိုင်ဖို့ တော့ လိုအပ်တာပေါ့နော်။ တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့ နှစ်ဖက် တာဝန်ရှိတဲ့သူတွေအပေါ်မှာ မူတည်ပါတယ်။ ရပ်မှကောင်းတာ ပေါ့။ ကျွန်တော်တို့က ရပ်ချင်ပါတယ်။ နှစ်ဦးနှစ်ဖက် တိုက်ပွဲမဖြစ် ချင်လို့ လက်မှတ်ထိုးထားကြတာပဲ။ ရပ်ဖို့လည်း လိုပါတယ်။ ဒီ လိုပဲ ကျွန်တော်မြင်ပါတယ်။

မော်ကွန်း။  ။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရနဲ့ လက်ရှိအစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်တဲ့နေရာမှာ ဘယ်လို ကွာခြားချက်တွေရှိလဲ။

ဗိုလ်မှူးကြီးစိုင်းလှ။            ။ ဦးသိန်းစိန်အစိုးရတုန်းကတော့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ထိတွေ့နေတာ သူတို့ရဲ့ အတွေ့အကြုံများတယ်ဆိုတော့ ဆက်ဆံရေးက ပြေပြစ်ပါတယ်။ ကောင်းတဲ့အနေအထားလို့တောင် ပြောလို့ရပါတယ်။ သို့ပေမဲ့ လက်ရှိ အစိုးရကတော့ ပြည်သူကနေတက်လာတဲ့ အစိုးရဆို တော့ သူတို့မှာလည်း ကျွန်တော်တို့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ ပြေလည်ရာပြေလည်ကြောင်းကိုလည်း သူတို့ လုပ်ဆောင်နေတယ်။ ထို့အတူ တပ်မတော်ပိုင်းက တာဝန် ရှိသူတွေ၊ အတွေ့အကြုံရှိတဲ့သူကို သုံးပြီးတော့ ကျွန်တော်တို့နဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့ အနေအထားတစ်ခုဖြစ်တော့ ဘယ်သူ သာတယ်၊ နာတယ်ဆိုတာတော့ လောလောဆယ် ပြောလို့မရ သေးဘူး။

မော်ကွန်း။           ။ အရပ်သားအစိုးရလက်ထက်မှာ တိုက်ပွဲဖြစ်တာက ဒါ ပထမဆုံးအကြိမ်လား။

ဗိုလ်မှူးကြီးစိုင်းလှ။            ။ ဟုတ်တယ်။ အမှန် တော့ ၂၁ ရာစုပင်လုံညီလာခံပြီးမှ တိုက်ပွဲ တွေ ပြန်ဖြစ်လာတာတော့ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ သို့ပေမဲ့လည်း NCA ကို လက်မှတ်ထိုးအောင် စစ်ရေး နည်းလမ်းနဲ့ ဖိအားပေးနေတဲ့ပုံစံမျိုးလည်း မဖြစ်အောင် တာဝန်ရှိသူတွေအနေနဲ့ ထိန်း သိမ်းလုပ်ကြဖို့လည်း လိုအပ်တယ်။ မဟုတ် ရင် NCA ကို လက်မှတ်ထိုးဖို့အတွက်  လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို စစ် ရေးနည်းလမ်းနဲ့ဖိအားပေးတဲ့ ပုံစံမျိုးဖြစ် သွားရင် သူတို့က NCA ထိုးဖို့ ပြင်ဆင်နေ တဲ့ အနေအထားကို သွားပြီးတော့ ထိခိုက် မှာစိုးရိမ်ပါ တယ်။ ထို့အတူ ကျွန်တော်တို့ အရင်ထိုးထားတဲ့ အဖွဲ့အစည်းတွေ အပေါ် မှာလည်း စစ်ရေးနည်းလမ်းနဲ့ မလိုလား အပ်တဲ့ စွပ်စွဲချက်တွေကို စွပ်စွဲပြီးတော့ စစ်ရေးပြင်ဆင်မှုတွေ တိုက်ဖို့၊ ခိုက်ဖို့နယ်မြေစိုးမိုးရေး အနေအထားမျိုးတွေ၊ တရား ဥပဒေစိုးမိုးရေးကို အကြောင်းပြပြီး ဒီလိုမျိုး လုပ်နေတာတွေ ကိုလည်း ရပ်တန်းကရပ်ဖို့ လိုအပ်တယ်။ အဲဒါတွေကလည်း တိုက်ပွဲတွေရပ်ပြီးမှပဲ ငြိမ်းချမ်းတဲ့နည်းလမ်းကို အသုံးပြုပြီး လက်ရှိပြဿ      နာတွေ စုပေါင်းပြီးဖြေရှင်းသွားလို့ရမှာကိုး။ ဒါ ကြောင့် ကျွန်တော်တို့ညှိနှိုင်းတဲ့နည်းလမ်းကလွဲလို့ ဘာနည်း လမ်းမှ မရှိပါဘူးဆိုတာကိုတော့ ဒီနေရာမှာ ဖော်ပြလိုပါတယ်။

မော်ကွန်း။           ။ တပ်မတော်နဲ့ အစိုးရအဖွဲ့ ဆက်ဆံရေးကရော လက် ရှိငြိမ်းချမ်းရေးဖော်ဆောင်တဲ့ နေရာမှာ ဘယ်လောက်ထိ အရေး ပါသက်ရောက်မှုရှိလဲ။

ဗိုလ်မှူးကြီးစိုင်းလှ။            ။ တပ်မတော်နဲ့ အစိုးရကတော့ ဒီနိုင်ငံ တော်ရဲ့  အဓိကကျတဲ့အခန်းကဏ္ဍမှာ  တာဝန်ယူထားရတဲ့ အဖွဲ့ အစည်းတွေဖြစ်တယ်ဆိုတော့ သူတို့မှာ လုံးဝတာဝန်ရှိသလို သူတို့နဲ့ ဆွေးနွေးဘက်ဖြစ်တဲ့ ကျွန်တော်တို့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အနေအထားကိုလည်း Balance ဖြစ်နေတဲ့ အနေအထားမှာ ညှိနှိုင်းဆွေးနွေးပြီး ဆောင်ရွက်သွားဖို့ အစိုးရနဲ့ တပ်မတော်က ပိုပြီးတော့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

မော်ကွန်း။           ။ လက်ရှိငြိမ်းချမ်းရေးဆောင်ရွက်တဲ့ နေရာမှာ တပ်မ တော်ရဲ့ အခန်းကဏ္ဍက အစိုးရထက် ပိုပြီး အရေးပါတယ်လို့ သုံး သပ်မိပါသလား။

ဗိုလ်မှူးကြီးစိုင်းလှ။            ။ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တယ်ဆို တော့ ကာကွယ်ရေး၊ လုံခြုံရေးအကြောင်းကို ဥပဒေစိုးမိုးရေး၊ နယ်မြေစိုးမိုးရေးတွေ အကြောင်းပြပြီး တစ်ဖက်သတ်စစ်ရေး နည်းလမ်းနဲ့ အမြတ်မထုတ်ဖို့ဘဲ လိုအပ်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ စစ်ရေးနဲ့ တိုက်ခိုက်လာမယ်ဆိုရင် ဘယ် လိုမှ ယှဉ်လို့မရတဲ့အနေအထားတစ်ခုပါပဲ။ သို့ပေမဲ့လည်း ဒီလို မျိုး ပြည်တွင်းစစ်ဖြစ်လာတာလည်း ကြာပြီဆိုတော့ ပြည်တွင်း စစ်ကြီးကို ရပ်ဖို့အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကျွန်တော်တို့  ပြန်တောင်းဆိုနေတဲ့ အနေအထားဖြစ်တယ်။ ညှိ နှိုင်းဆွေးနွေးပြီး ဖြေရှင်းသွားတဲ့ နည်းလမ်းက အကောင်းဆုံးပါပဲ။ စစ်ရေးကို တပ်မတော်က အသုံးမချဘဲနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ ငြိမ်းချမ်းစွာ ဖြေရှင်းသွားဖို့လည်း အဓိက ကျပါတယ်။

မော်ကွန်း။           ။ အမှန်တကယ်အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ အတွက် အရေးတကြီး ဆောင်ရွက်ရမယ့်အရာက ဘာများဖြစ် မလဲ။

ဗိုလ်မှူးကြီးစိုင်းလှ။            ။ အမှန်တကယ် ငြိမ်းချမ်းရေးရဖို့ကတော့တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းသွားရမှာပဲ။ ချက်ချင်းကြီး ငြိမ်းချမ်းရေးရမယ့် အနေအထားတော့ မဟုတ်ဘူးလို့ သုံးသပ်လို့ ရပါတယ်။ ကျွန်တော်တို့ လိုချင်တာ တစ်ခုတည်းပဲ တစ်ခါတည်း ရနိုင်တဲ့ အနေအထားမျိုး မဟုတ်သေးပါဘူး။ အခု ပထမအဆင့် ကိုကျော်ပြီး ဒုတိယအဆင့်ကို ကျွန်တော်တို့ ဖြတ်သန်းနေတာဖြစ် တယ်။ ပထမအဆင့်က အဖွဲ့အစည်းအလိုက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖက်ကြားမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုထားတဲ့ စာချုပ်။ အဲဒီကနေ တစ်ဆင့် ပြည်ထောင်စုအဆင့်ပေါ့နော်။ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ်အဆင့်ကို ရောက်ရှိလာပြီးတော့ စာချုပ် ကို ကျွန်တော်တို့ လက်မှတ်ထိုးနိုင်ခဲ့ပြီ။ သို့ပေမဲ့လည်း  လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေလည်း ရှိသေးတယ်ဆိုတော့ ငြိမ်းချမ်း ရေး ကို သွားဖို့အတွက် ကျွန်တော်တို့ဘာသာကျွန်တော်တို့လည်း သွားလို့မရဘူး။ ဆိုတော့ အားလုံးမပါဝင်ဘဲ သွားရင်လည်း ငြိမ်း ချမ်းရေးက ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူး။ ဒါ ကြောင့်မို့ အားလုံးပါဝင်နိုင်ဖို့အတွက် ထပ်ပြီးတော့ ကြိုးစားရမှာ ပေါ့။ ပြီးရင် ညှိနှိုင်းမှုတွေလုပ်ရမယ်။ အဲဒီလိုလုပ်ပြီးတဲ့အခါမှ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို NCA အတိုင်း ဖော်ဆောင်သွား ရမှာ ဖြစ်တယ်။

မော်ကွန်း။           ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ နိုင်ငံတကာရဲ့ ပါဝင်မှုကရော   ဘယ်လောက်ထိ အရေးပါသလဲ။ ထိရောက်မှုရော ရှိရဲ့လား။

ဗိုလ်မှူးကြီးစိုင်းလှ။            ။ လုံးဝထိရောက်မှုမရှိဘူးလို့တော့ ပြောလို့ မရပါဘူး။ ဒါပေမဲ့လည်း ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ညီလာခံတွေလို့ ပြောလို့လည်း မရသေးပါဘူး။ အဲဒါက ပဏာမ အဆင့်လောက်ပဲ ရှိသေးတယ်။ မိမိရဲ့ ဝန်ကြီးဌာနတွေကို လာပြီး တင်ပြတယ်။ ကျွန်တော်တို့ ဆန္ဒတွေကို ပြောတယ်။ အဲဒီ အဆင့်လောက်ပဲ ရှိသေးတယ်ဆိုတော့ တင်ပြလာတဲ့ ကျွန်တော် တို့ သဘောထားတွေ၊ ဆန္ဒတွေပေါ် မူတည်ပြီးတော့ ရှေ့အနာဂတ် မှာ ဖြစ်နိုင်ခြေအများဆုံးရှိတဲ့ကိစ္စက ဘာလဲဆိုတာ အဲဒါကို ကျွန် တော်တို့ ဖော်ဆောင်ပြီး သွားရမယ်။ တစ်ဆင့်ပြီး တစ်ဆင့် တက် လှမ်းသွားရမှာပဲလေ။

မော်ကွန်း။           ။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဆက်ဆံရေးကရော လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနေလဲ။

ဗိုလ်မှူးကြီးစိုင်းလှ။            ။ ကျွန်တော်တို့နိုင်ငံက အားလုံးသိတဲ့ အတိုင်းပါပဲ။ နိုင်ငံကြီးတွေကြားမှာ ကြားညပ်နေတဲ့အခါကျတော့ နိုင်ငံခြားရေးမူဝါဒက ကျွန်တော်တို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့လည်း ဆက်စပ် နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံကြီးတွေက ကျွန်တော် တို့နိုင်ငံနဲ့ ပေါင်းနေတယ်ဆိုတာကတော့ သူတို့မူဝါဒအရ ပေါင်း နေကြတာပဲဖြစ်တယ်လို့ သုံးသပ်လို့လည်း ရပါတယ်။ သူတို့ အကျိုးစီးပွားအတွက် သူတို့ မူဝါဒတွေ ချမှတ်မယ်။ ဒါကြောင့်မို့ နိုင်ငံတော်အနေနဲ့ စုပေါင်းပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ သတိကြီးစွာနဲ့ပဲ ကျွန်တော်တို့ အတူဖော်ဆောင်သွားရ မယ်လို့ မြင်ပါတယ်။   ။

၂၀၁၆-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀)မှ အင်တာဗျူး ဖြစ်ပါသည်။

ရွှေရည်ဝင်းထက် မေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here