၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ Analysis ဖြစ်ပါသည်။
ဒေါက်တာစိုးခိုင် ရေးသည်။
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းတဲ့ ဥပဒေကို အစိုးရ သတင်းစာမှာ ပြည်သူကို ချပြအသိ ပေးနေပါပြီ။ ယခင်ပြဋ္ဌာန်းပြီး ဥပဒေကို ထပ်မံပြင်ဆင်ဖြည့် စွက်ဆွေးနွေးပြီး အသစ်တစ်ဖန် အတည်ပြုလိုက် တဲ့ ဥပဒေမှာ အတတ်နိုင်ဆုံး ပြည့်စုံပြီး စားသုံးသူ တွေကို ကာကွယ်စောင့်ရှောက်ရေး၊ မသမာ စားသောက်ကုန်၊ လူသုံးကုန်များ ထုတ်လုပ် ရောင်းချနေမှုနဲ စံမမီတဲ့ ၀န်ဆောင်မှုတွေကို အရေးယူနိုင်ဖို့၊ ကာကွယ်နိုင်ဖို့ အဘက်ဘက်က Cover ဖြစ်အောင် ပြဋ္ဌာန်းထားလိမ့်မယ်ဆိုတာ တော့ သံသယရှိစရာ လိုမှာမဟုတ်ပါဘူး။
သို့သော်လည်း လက်ရှိ ဥပဒေသစ်နဲ့ ယခင် ပြဋ္ဌာန်းပြီး ဥပဒေကို ကျင့်သုံးနေချိန်မှာပဲ လက်လှမ်းမမီခဲ့တဲ့ လက်တစ်လုံး ခြား တိမ်းရှောင်ကျူးလွန်မှုတွေ၊ စဉ်းစားသုံးသပ်ဖို့ အကြောင်း အရာ၊ အချက်အလက်တွေ ဘာရှိနိုင်မလဲ ဆိုတာကို ပြည်သူတွေ က ၀ိုင်းဝန်းစဉ်းစားပြီး ဖြည့်စွက်တင်ပြရမယ့် တာဝန်ရှိသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း လက်ခံသုံးသပ်ပြီး အမှန် တကယ်လိုအပ်တဲ့ အချက်ကို ပြင်ဆင်ဖြည့်စွက်ဖို့ လွှတ်တော်မှာ ထပ်မံတင်ပြအဆိုပြု ဆွေးနွေးနိုင်ကြမယ်ဆိုရင် အချိန်နဲ့အမျှ ပို မို ပြီးပြည့်စုံကောင်းမွန်တဲ့ စားသုံးသူတွေကို ကာကွယ်နိုင်တဲ့ ဥပဒေ အချက်အလက်တွေ ထပ်မံရရှိ ဖြည့်စွက်ပေးနိုင်မှာ ဖြစ် ပါတယ်။
ပထမဆုံး ဖြည့်စွက် အကြံပြုလိုတဲ့ အချက်ကတော့ အချိန် အတော်ကြာ Online post စာမျက်နှာတွေမှာ သောင်းကျန်းလာ နေတဲ့ တရားမ၀င် ကြော်ငြာပို့စ်တွေကို ဘယ်လိုတားဆီးအရေး ယူမလဲဆိုတဲ့ အချက်ပါပဲ။ မြန်မာပြည်မှာ လူသုံးအများဆုံး လူမှု ကွန်ရက်စာမျက်နှာမှာ ကြည့်လိုက်ရင် နေ့စဉ်လိုလို တွေ့နေရမှာ ကတော့ ကုန်ပစ္စည်းမျိုးစုံနဲ့ ၀န်ဆောင်မှု ကြော်ငြာမျိုးစုံ ဖြစ်ပါ တယ်။ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်၊ ဖက်ရှင်အ၀တ် အစား၊ ဖိနပ်က အစ လိင်စိတ်ကြွဆေး၊ ကာမအားတိုးဆေး၊ Herb Medicine ဘယဆေးမျိုးစုံ၊ ကုထုံးမျိုးစုံ၊ Online စာမျက်နှာပေါ် ကပဲ ဧည့်ခေါ် မျှော်နေကြတဲ့ ဘားမယ်၊ KTV မယ်၊ လိင်ဝန်ဆောင်မှု ကြော်ငြာတွေကို မမြင်ချင်ဘဲ တွေ့နေရပါတယ်။
မျိုးဆက်သစ်ကလေးတွေအတွက် ပျားရည်လား၊ အဆိပ် ရည်လား မခွဲခြားနိုင်တဲ့ ပညာရေးဝန်ဆောင်မှုများစွာဟာလည်း အန္တရာယ် မသေးလှပါဘူး။ အခုချက်ချင်းပဲ ပညာသင်ဆုရပြီး ပညာသင်စရိတ်ရဲ့ ၇၅ ရာခိုင်နှုန်းအထိ သက်သာခွင့်ရစေမယ့် အစီအစဉ်၊ ကြော်ငြာတွေမှာ ကျောင်းသွားတက်ရမယ့် နိုင်ငံတွေ ကလည်း တကယ့် ကမ္ဘာ့ထိပ်တန်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီး တွေမှာဆိုတော့ ကျောင်းသားရော မိဘပါ ကွီခနဲကျပြီပေါ့။
နောက်တစ်မျိုးကတော့ ခရီးသွားဝန်ဆောင်မှု ကြော်ငြာ တွေပါ။ ပြည်တွင်းပြည်ပခရီးစဉ်တွေမှာ ပျံနေအောင် ၀န်ဆောင် မှုတွေ ရဖို့ ကြော်ငြာထားတာ ယုံပြီး လိုက်သွားလို့ ပြဿနာတွေ ဖြစ်လာပါမှ ကားဆရာနဲ့ Tour Guide ကုမ္ပဏီနဲ့က တစ် ယောက်ကို တစ်ယောက် မသိကြတဲ့ တစ်ဆင့်ခံ ပွဲစားတွေ ဖြစ်ကြ ပြီး သူ့ငါ လွှဲချ၊ ငါ့သူ လွှဲချနဲ့ ကြားက ခံလိုက်ရတာက စားသုံးသူ တွေပဲ ဖြစ်ကြပါတော့တယ်။ အဲဒါတွေကို ဘယ်လိုကာကွယ်ပေး ပြီး သက်ဆိုင်သူတွေကို ဘယ်လိုနဲ့ ဘယ်အဆင့်ထိ အရေးယူမှာ လဲဆိုတာရယ်၊ အရေးယူမှုကလည်း နောင်မကျူးလွန်ရဲအောင် မှတ်မှတ်သားသား ထိရောက်မှု ရှိရဲ့လား ဆိုတဲ့ အချက်ကို ထည့် သွင်းစဉ်းစားပြီး ပြဋ္ဌာန်းထားတဲ့ စားသုံးသူကာကွယ်ရေးဥပဒေ ဖြစ်ပါစေလို့ မျှော်လင့်မိပါတယ်။
နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံအနှံ့မှာ ရှိနေတဲ့ စား သောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ မော် တော်ယာဉ်ထုတ်လုပ်ရေး စက်ရုံတွေကို ၀င်ရောက်စစ်ဆေးပြီး လိုအပ်ရင် အရေးယူနိုင်ဖို့ ဥပဒေနဲ့ လက်တွေ့ ဆောင်ရွက်နိုင်မယ့် ၀န်ထမ်းအင်အား ဖြည့်တင်းခန့်ထားခွင့်ပြုတဲ့ ဥပဒေ ပြဋ္ဌာန်း ချက် ပါ၊ မပါ ဆိုတဲ့ အချက်ပါပဲ။ ဒီအထဲမှာ အလိုအပ်ဆုံးကတော့ နိုင်ငံတစ်ဝန်းမှာ ခလုတ်တိုက်မိမတတ် ရှိနေတဲ့ အရက်၊ ဘီယာ ချက်လုပ်တဲ့ စက်ရုံနဲ့ အရက်ဆိုင်၊ ဘီယာဆိုင်တွေ၊ အဲဒါနဲ့ တွဲဖက် ရောင်းချနေတဲ့ အစားအသောက်တွေရဲ့ ဘေးအန္တရာယ်ကင်းရှင်း ရေးတွေ ဖြစ်ပြီး အဲဒီအထဲက စက်ရုံနဲ့ ဘီယာဆိုင်၊ စားသောက် ဆိုင်တချို့ဟာ တို့ထိလို့မရတဲ့ (Untouchable) တွေ ဖြစ်ပါတယ်။
အဲဒီစားသောက်ဆိုင် Restaurant ကြီးတွေ မဆိုထားနဲ့၊ ကြယ်သုံးပွင့်၊ ကြယ်လေးပွင့် ဟိုတယ်ကြီးတွေမှာတောင် အရက် စံချိန် စစ်မှန်ပြီး သန့်ရှင်းဘေးကင်းတဲ့ အစားအသောက်တွေ ရောင်းချနေရဲ့လား ဆိုတာ ဘယ်သူ့ စစ်ဆေးရန်တာဝန်ထဲမှာ ပါဝင်နေသလဲဆိုတာ ယခု ပြဋ္ဌာန်းလိုက်တဲ့ စားသုံးသူ ကာကွယ် ရေးဥပဒေမှာ တိကျပြတ်သားစွာ ဖွင့်ဆိုထားပါရဲ့လား။ FDA လား၊ စားသုံးသူကာကွယ်ရေး ဦးစီးဌာနလား၊ ယစ်မျိုးလား၊ စည်ပင်လား။ ဘယ်သူ့တာဝန်ဖြစ်ပြီး မသမာမှုရှိနေရင်လည်း ဘယ် ဌာနက အရေးယူပိုင်ခွင့် ရှိသလို တာဝန်လစ်ဟင်းမှု၊ အဂတိ လိုက်စားမှု ရှိနေရင်လည်း ဘယ်ဌာနက ၀န်ထမ်းကို အရေးယူရ မှာလဲဆိုတာ ဥပဒေထဲမှာ တိတိကျကျ ပြဋ္ဌာန်းထားဖို့ လိုပါ တယ်။ ယခု ပြင်ဆင်အတည်ပြုလိုက်တဲ့ ဥပဒေထဲမှာ အဲဒီအချက် တွေ ပါပြီလားဆိုတာ အလေးအနက်ထားပြီး စဉ်းစားရမယ့် အချက်တွေ၊ လိုအပ်ရင် ဥပဒေထဲမှာ ထပ်မံ ဖြည့်စွက်ပြဋ္ဌာန်းဖို့ ဆွေးနွေးရမယ့် အချက်တွေ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ထုပ်ပိုးဘူးခွံတွေမှာ ပါရမယ့် Packing Label အချက်အလက်တွေကို လက်တစ်လုံးခြား ညာဝါး ဖော်ပြနေခြင်းပါပဲ။ စားသုံးသူကာကွယ်ရေးဥပဒေအရ Packing Label ကို ဖော်ပြပေးတယ်၊ ဩန်ကြားထားတဲ့အတိုင်း မြန်မာဘာသာနဲ့လည်း ပူးတွဲဖော်ပြတယ်။ ဒါပေမဲ့ မပြတ်မသား အဓိပ္ပာယ်အမျိုးမျိုးထွက်တဲ့ စကားလုံးတွေနဲ့ အပြစ်လွတ်အောင် သုံးနှုန်းထားတယ်။ အဲဒါဟာ အင်မတန် အ
န္တရာယ်ကြီးပြီး မြန်မာ နိုင်ငံလို စားသုံးသူ အခွင့်အရေး (Customer Right) နဲ့ နှစ် ပေါင်း ၆၀ လောက် အလှမ်းဝေးခဲ့တဲ့ နိုင်ငံက စားသုံးသူတွေ အတွက် တကယ့် အန္တရာယ်ကြီး ဖြစ်ပါတယ်။